အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။
" ဒါ ဘာလုပ်တာလဲ"
"ယောကျာ်းအပြန်ကို စောင့်နေတာလေ"
"ဘာမှ မ၀တ်ဘဲ စောင့်နေရသလား"
"ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်"
"လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ"
"ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်"
ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။
တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။
"ဒါ ည၀တ် အချစ်အင်္ကျီလေ" လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက
" ဟာ မင်းည၀တ်အင်္ကျီက မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။
(၁)
လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့ အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ် ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့ အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကို ဖော်ကောင်လုပ်တဲ့အတွက်" လို့ ပြောလိုက်သတဲ့။
(၄)
တစ်ခါက နိုင်ငံ အကြီးအကဲ သုံးဦးဟာ ဘုရားသခင်ကို တွေ့ဖို့ အခွင့်အရေးရခဲ့တယ်။ ဘုရားသခင်က သူ့တို့ကို မေးခွန်းတစ်ခုစီ မေးဖို့ ခွင့်ပြုလိုက်တော့...
ပထမနိုင်ငံ အကြီးအကဲ "ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ"
ဘုရားသခင် " အနှစ် ၅၀ စောင့်ရလိမ့်မယ်"
ပထမနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) "ဒါဆို ကျွန်တော် မမီတော့ဘူးထင်တယ်"
ဒုတိယနိုင်ငံ အကြီးအကဲ "ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ"
ဘုရားသခင် "နှစ် ၁၀၀ စောင့်ရလိမ့်မယ်"
ဒုတိယနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) "ဒါဆို ကျွန်တော် မမီတော့ဘူးထင်တယ်"
တတိယနိုင်ငံ အကြီးအကဲ "ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ"
ဘုရားသခင် (စိတ်ပျက်ဝမ်းနည်းစွာနဲ့) " အကျွန်ုပ် မမီတော့ဘူး ထင်တယ်" ဟူတည်း။
၁)
တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက "အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။
၂)
ဆရာမတစ်ဦးက မူကြိုကလေးတွေကို အိမ်မွေးတိရိစ္ဆာန် အခေါ်အဝေါ်တွေ သင်ပေးနေတယ်။
ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။ မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။ မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"
ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်က ထအော်လိုက်တယ် "မေမေ" တဲ့။
၅)
တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက် စောင့်နတ်က ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက် စဉ်းစားပြီး
(၁) နေ့တိုင်း ရေသောက်ရပါစေ
(၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
(၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမဲဟာ......
--------
--------
--------
--------
--------
--------
--------
အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့
ဘယ်လောက်ချစ်လဲကောင်လေး = ကိုယ့်ကိုချစ်လားဟင်….
ကောင်မလေး = ချစ်တာပေါ့။
ကောင်လေး = ဘယ်လောက်ချစ်လဲ …. ?
ကောင်မလေး = အရင်လူတွေထက် ပိုချစ်တယ်။
သူတို့လင်မယား
ပထမလူ = မနေ့ညက မင်းတို့လင်မယား ရန်အကြီးအကျယ် ဖြစ်ကြတယ်ဆို။ ဘယ်လိုဖြစ်ပြီး ဘယ်လိုပြီးသွားတာလဲ .. .. ။
ဒုတိယလူ = ဘယ်ရမလဲ ဒီမိန်းမ ဒူးထောက်ကျသွားတာပေါ့။ ဒူးနှစ်ဖက်တင်မကဘူး လက်နှစ်ဖက်ပါ ထောက်သွားတယ်ကွ ။
ပထမလူ = အလဲ့ တယ်ဟုတ်ပါလား၊ မင်းမိန်းမက လေးဖက်ထောက်ပြီး ဘာပြောလဲ ဆိုစမ်းပါဦး။
ဒုတိယလူ = အင်း ငါ့မိန်းမက လေးဖက်ထောက်ပြီး ရှင် အခုချက်ချင်း အဲ့ဒီကုတင်အောက်က ထွက်ခဲ့၊ ယောက်ျားပီပီ သတ္တိရှိရှိ ကျုပ်ကို ရင်ဆိုင်စမ်းပါတဲ့ ... ...... ဟီး ဟီး …။
ပထမလူ = ဟိုက် - သေလိုက်ပါတော့ကွာ …… ။
အမျိုးသား - အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး - ဟင်းနော်....ထားသွားလိုက်ရမလား?
အမျိုးသား - အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး - တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား - ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
အမျိုးသမီး - ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား - ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး - ကျွန်မကို နမ်းချင်သလား ဟင်?
အမျိုးသား - အချိန်မရွေးပဲ
အမျိုးသမီး - နှိပ် ကော နှိပ်စက်မှာလား?
အမျိုးသား - မင်းရူးများရူးနေလားကွာ
အမျိုးသမီး - ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
အမျိုးသား - အင်း
အမျိုးသမီး - မောင်ရယ်...
လက်ထပ်ပြီးနှစ်အတော်ကြာတဲ့အခါ....
အပေါ်က စကားလေးတွေကို အောက်ဆုံးကနေအပေါ်ကိုသာ ပြောင်းပြန်ဖတ်လိုက်ပါ
Комментариев нет:
Отправить комментарий