Hard disk ကိုစစ်ဆေးခြင်း
To checking hard disk
Hard disk drivesကွန်ပျူတာတစ်လုံးကို အသုံးပြုလို့ တစ်လလောက်ကြာလာတဲ့အခါမှာHard disk ထဲမှာ သိုလှောင်ထားတဲ့ ဖိုင်တွေက နေရာအစီအစဉ်တကျမရှိပဲ တစ်စစီပြန့်ကျဲလာတတ်ပါတယ်။ Fragemented ဖြစ်တယ်ပေါ့ဗျာ။Hard disk ကြောင့် ကွန်ပျူတာ ထိုးရပ်သွားခြင်းကိုကာကွယ်ဖို့ အတွက်ဆိုရင် အကောင်းဆုံးက Hard disk ကိုတစ်ပါတ်တစ်ခါလောက် Defragment လုပ်ပြီး ဖိုင်တွေကိုပြန်စီပေးမယ်သင့်တာပေါ့ဗျာ။ Defragment ဘယ်လိုလုပ်ရတယ်ဆိုတာ ကွန်ပျူတာ အခြေခံရှိသူတော်တော်များများသိပြီးသားဖြစ်ပေမယ့် လည်း ပြည့်ပြည့်စုံစုံလေးဖြစ်သွားအောင်ထပ်ရေးချင်ပါတယ်။Di sk Defragmenter ကိုအသုံးပြုဖို့အတွက် Start>All Programs>Accessories>System Tools>Disk Defragmenter သို့သွားပါဒီလိုဆိုရင် Disk Defragmenter Windows ထွက်လာပါပြီ။ဒီနေရာမှာ သတိထားဖို့အချက်တစ်ခုရှိပါတယ်။Hard disk ကို Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်ကို အချက်အလက်တွေထည့်သွင်းခြင်းမပြုလုပ်ရပါဘူး။ ဖိုင်တွေ ကို Save မလုပ်သင့်ဘူးပေါ့ဗျာ။
ဒါကြောင့် Task Scheduler ကိုအသုံးပြုပြီး ကွန်ပျူတာကို လုံးဝအသုံးမပြုတော့တဲ့အချိန်မှာ Defragement လုပ်ဖို့ စီစဉ်ထားသင့်ပါတယ်။ Task Scheduler အကြောင်းကို သီးသန့်ထပ်ရေးပါမယ်။ Disk Defragmenter Windows ထွက်လာတဲ့နေရာဆီ ပြန်သွားကြည့်ရအောင်။
ကွန်ပျူတာအတွင်းတပ်ဆင်ထားတဲ့ Hard drive partation များကိုတွေ့ပါလိမ့်မယ်။ တယ်။Analyze buttom နဲ့ Hard drive ပေါ်ကဖိုင်တွေ Fragement ဖြစ်မဖြစ်စစ်ဆေးနိုင်ပါတယ်။Analyze လုပ်ပြီးတဲ့အခါ Defragement လုပ်ဖို့လိုမလိုဆိုတဲ့ Result ထွက်လာပါလိမ့်မယ်။တစ်ခါတည်း Defragement လုပ်မယ်ဆိုရင်တော့ Defragement buttom ကိုနှိပ်လိုက်တာနဲ့Analyze ရော၊ Defragement ပါတစ်ခါတည်းလုပ်သွားပါလိမ့်မယ်။ Defragement လုပ်ဖို့ရာHard disk မှာ Free space အနည်းဆုံး 10% ရှိဖို့လိုအပ်ပါတယ်။ တကယ်လို့ Hard disk မှာ သိမ်းဆည်းထားတာ အပြည့်နီးပါးဖြစ်နေရင်လည်း အလုပ်လုပ်တာ နှေးကွေးလာပြီး Crash ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် Hard disk ကိုပုံမှန်ရှင်းလင်းပေးထားပြီး Free space များများရအောင်ပုံမှန်ထိန်းထားသင့်ပါတယ်။ Windows folder အောက်မှ Temporary နဲ့ Internet file တွေကိုပုံမှန်ရှင်းထားပေးခြင်းဖြင့် Free space ပမာဏတော်တော်များများရရှိနိုင်ပါတယ်။ Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးကိုလည်း အပတ်စဉ်ရှင်းထားခြင်းဖြင့်လည်း နေရာလွတ်တိုးလာစေနိုင်ပါတယ်။ Hard disk မှာ Error ရှိမရှိကို လစဉ်စစ်ဆေးသင့်ပါတယ်Start>Programs>Accessories>Syst em Tools>Scan Disk သို့ဝင်ရောက်ပြီး Error နဲ့ Bad sector ရှိမရှိစစ်ဆေးနိုင်ပါတယ်။ရံဖန်ရံခါမှာ Start Menu အောက်မှာ Scan Disk သို့သွားရန် Shortcut မရှိပဲဖြစ်နေတတ်ပါတယ်။ဒီလိုဆိုရင်တော့ စစ်ဆေးလိုတဲ့ Drive မှာ Right Click မှတဆင့် Properties ကိုခေါ်ပါ။ Tools Tab အောက်က Error-checking မှာ Check Now ကိုနှိပ်လိုက်တာနဲ့ Check Disk Box
ထွက်လာပါပြီ။ System error ကိုပဲစစ်ဆေးပြုပြင်မယ်ဆိုရင် အပေါ်ကအကွက်မှာ အမှန်ခြစ်ပါHard disk မှာ Bad sector ရှိမရှိပါစစ်မယ်ဆိုရင် အောက်ကလေးထောင့်ကွက်ပါအမှန်ခြစ်ပြီးStart ကိုနှိပ်လိုက်တာနဲ့ စစ်ဆေးစရာရှိတာများကိုအလိုအလျှောက်စစ်ဆေးသွားပါလိမ့် မယ်။ဒီလို စစ်ဆေးနေစဉ်မှာ Hard disk ပေါ်သို့ ရေးခြင်း၊ ဖျက်ခြင်းများမပြုလုပ်သင့်ပါဘူး။
Fatal OE exceptions and VXD errors
ဒီ Error အမျိုးအစားက ဗီဒီယိုကဒ်ကြောင့်ဖြစ်တတ်ပါတယ်။ ဟိုးအရင် ကဒ်အဟောင်းတွေမှာသာ အဖြစ်များပြီး အခုခေတ်ပေါ်ကဒ်များမှာတော့ အဖြစ်နည်းသွားတာတွေ့ရပါတယ်။ အများအားဖြင့် Graphic Memory နည်းတဲ့ ကဒ်များမှာ ဖြစ်တတ်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းအချို့ရှိပါတယ်။ ပထမဦးဆုံးနည်းလမ်းကတော့ Resolution ကိုလျော့ချခြင်းပါ။Start>Settings>Control Panel>Display>Settings tab သို့သွား၍ဖြစ်စေDesktop အလွတ်တစ်နေရာကို Mouse ထောက်ပြီး Properties ကိုခေါ်၍ဖြစ်စေ Display Properties box ကိုဖွင့်ပါ။
Screen Resolution အောက်မှာ Slide bar လေးကို ဘယ်ညာရွှေ့ခြင်းဖြင့် Screen Resolution ကိုချိန်ညှိပေးနိုင်ပါတယ်။Color quality အောက်မှာ Color အရည်အသွေးကိုလည်းချိန်ပေးနိုင်ပါတယ်။ဂရပ်ဖစ်ကဒ် က မကောင်းဘူးဆိုရင်တော့ 16bit ထားတာအကောင်းဆုံးပါပဲ။ရံဖန်ရံခါမှာ ဂရပ်ဖစ်ကဒ်မကောင်းတာကြောင့်မဟုတ်ပဲ Hardware conflict ကြောင့်လည်း Screen freeze ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ Hardware conflict ဖြစ်မဖြစ်ဆိုတာအရင်ကဖော်ပြခဲ့တဲ့နည်းအတိုင်းစစ်ဆေးနိုင်ပါတယ်။ ဂရပ်ဖစ်ကဒ်အတွက် No Conflict ဖြစ်တာသေချာဖို့ စစ်ဆေးပါ။ တကယ်လို့ Conflict ဖြစ်နေတာကိုတွေ့ခဲ့မယ်ဆိုရင် Automatic Settings ဘေးက အမှန်ခြစ်ကိုဖြုတ်ပစ်ပါ။အဲဒီနောက် Change Setting ကိုနှိပ်ပြီး Conflict မဖြစ်နိုင်တဲ့ Setting တစ်ခုခုကိုရှာရွေးလိုက်ပါ။
Viruses
ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့ အကြောင်းရင်းများစွာထဲမှ ဖြစ်နိုင်ခြေအရှိဆုံးအရာကတော့ ဗိုင်းရပ်စ်ကြောင့်ပါ။ ဗိုင်းရပ်စ်ကာကွယ်တဲ့ဆော့ဖ်ဝဲသာတင်မထားခဲ့ဘူးဆိုရင် ကွန်ပျူတာကို ပထမဦးဆုံး ဗိုင်းရပ်စ်ကူးစက်တာနဲပ ချက်ချင်းမသိနိုင်ပါဘူး။ ဗိုင်းရပ်စ်ဆိုတာမျိုးက တိတ်တဆိတ်ဝင်ရောက်လာတတ်တာမျိုးပါ။ ဗိုင်းရပ်စ်အကြောင်းက ကျယ်ပြန့်လွန်းလို့ ဒီနေရာမှာတော့ အကျဉ်းချုပ်ပဲရေးပါရစေ။ နောက်များမှ ခေါင်းစဉ်တစ်ခုနဲ့သီးသန့်ထပ်ရေးပါဦးမယ်။ဗိုင်းရပ်စ် တွေမှာ ဖျက်ဆီးတဲ့ပုံစံအမျိုးမျိုးရှိပါတယ်။ အဓိကအနေနဲ့ Operating System အလုပ်မလုပ်နိုင်အောင် OS ကအသုံးပြုတဲ့ဖိုင်တွေကိုဖျက်ဆီးပြီးနှောက်ယှက်တာပါပဲ ။ အချို့ဗိုင်းရပ်စ်များက Hard drive ရဲ့ Boot sector ကိုဖျက်ပစ်လိုက်တဲ့အထိဆိုးရွားးပါတယ်။Boot sector ပျောက်ပြီဆိုမှတော့ OS ကမတတ်နိုင်တော့ဘူးပေါ့။ အခြားဖျက်ဆီးနည်းတွေလည်းအများကြီးပါ။ဗိုင်းရပ်စ်ကိုေ ကြာက်လို့ ကာကွယ်ဖို့ အကာအကွယ်
ဆော့ဖ်ဝဲတင်မယ်ဆိုရင်လည်းဒီကနေ့ခေတ်ကမ္ဘာကြီးမှာ့  Antivirus software တွေကပေါများလိုက်တာ။လုံးဝဥဿုံအပြည့်စုံဆုံး၊ အကောင်းဆုံးဆိုတဲ့ ဗိုင်းရပ်စ်အကာအကွယ်ဆော့ဖ်ဝဲဆိုတာတော့ မရှိပါဘူး။ သူဟာနဲ့သူ ကောင်းကွက်ဆိုးကွက်တွေနဲ့ချည်းပါပဲ။ ခေတ်အစားဆုံး Antivirus software များမှာ Norton, McAfee, Kaspersky, AVG, Bit defender, NOD32, Symantec တွေပါပဲ။ ဘယ် ဘယ်လောက်ကောင်းတဲ့ ဗိုင်းရပ်စ်ကာကွယ်ရေးဆော့ဖ်ဝဲပဲဖြစ်ဖြစ် Virus signature ဟာ အမြဲတမ်း Update ဖြစ်နေဖို့လိုပါတယ်။ တကယ်တော့ Antivirus ဆိုတာကလည်း ဗိုင်းရပ်စ် Source code များကိုစုစည်းထားပြီး ဗိုင်းရပ်စ်ဟုတ်မဟုတ်ကို အဲဒီကုဒ်များနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရတာဆိုတော့ ဗိုင်းရပ်စ်အသစ်ထွက်လာတိုင်း အဲဒီဗိုင်းရပ်စ်ကုဒ်ကို ဆော့ဖ်ဝဲရဲ့ Virus signature database မှာထည့်ထားပါမှ သိနိုင်မှာပါ။ ဒါကြောင့် Antivirus ကိုအမြဲတမ်း အပ်ဒိတ်လုပ်ထားဖို့လိုအပ်ပါတယ်။
Printers
Printer ကြောင့်လည်း ကွန်ပျူတာ Crash ဖြစ်နိုင်ပါတယ်။ Document တစ်ခုခုကို ပရင့်ထုတ်တဲ့ အခါမှာ မူရင်းဖိုင်ထက်ကြီးတဲ့ Postscript ဖိုင်တစ်ခုကိုဖန်တီးရလေ့ရှိပါတယ်။ တကယ်လို့ ပရင်တာမှာ Buffer လို့ခေါ်တဲ့ ကိုယ်ပိုင် Memory နည်းနေမယ်ဆိုရင် Post script ဖိုင်က ပမာဏများနေမယ်ဆိုရင် Printer ကို Over Load ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ပရင့်ထုတ်တဲ့အခါ CPU ကိုလည်းသိသိသာသာအသုံးပြုတဲ့အတွက် ကွန်ပျူတာကို နှေးသွားစေနိုင်ပါတယ်။တကယ်လို့ ပရင်ထုတ်လိုက်တဲ့အခါမှာ ထုတ်လိုက်တဲ့ စာသားတွေမဟုတ်ပဲ ပုံစံအမျိုးမျိုးနဲ့စာတွေ ထွက်လာပြီဆိုရင်တော့ အဲဒီပရင်တာကိုသုံးတဲ့အခါ အခန့်မသင့်ရင် ကွန်ပျူတာကို Crash ဖြစ်စေနိုင်ပါတယ်။ Printer buffer မှာ Over Load ဖြစ်တာများသွားခဲ့ရင် အလိုအလျောက်ရှင်းမ ပေးနိုင်တော့ပါဘူး။ ဒီလိုဆိုရင်တော့ ပရင်တာကို စက္ကန့် 30 လောက် ပါဝါကြိုးဖြုတ်ထားပေးပြီးမှ ပြန်တပ်ပေးခြင်းအားဖြင့် နဂိုရှိပြီးသား Command များကို ရှင်းပေးနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ ပရင်တာများမှာလည်း Built-in Memory တွေတဖြည်းဖြည်းနဲ့များလာတဲ့အတွက် ပရင့်ထုတ်လိုက်လို့ ကွန်ပျူတာထိုးရပ်သွားတာမျိုးက ရှားသွားပါပြီ။ ဟိုးအရင်က ပရင်တာတွေကို သုံးမယ်ဆိုရင်တော့ အခန့်မသင့်ရင်ဖြစ်နိုင်ပါတယ်။
Software
ကွန်ပျူတာမှာ အသုံးပြုမယ့် ဆော့ဖ်ဝဲများကို စနစ်တကျတင်မထားခဲ့ရင်လည်း ကွန်ပျူတာ အသုံးပြုနေစဉ် ထိုးရပ်သွားစေနိုင်ပါတယ်။ ဆော့ဖ်ဝဲကို ဖြုတ်ချပြီးမှ စနစ်တကျပြန်တင်ပေးခြင်း ဖြင့် ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်။ ရံဖန်ရံခါမှာ ဆော့ဖ်ဝဲကို ဖြုတ်ချလို့မရဘူးဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုရင်တော့ Norton Uninstall ဒါမှမဟုတ် Uninstall Shield ကိုအသုံးပြုလိုက်ရင် ဖြုတ်ချလို့ရနိုင်ပါတယ်။ ဒီဆော့ဖ်ဝဲများဟာ သမားရိုးကျဖြုတ်ချတာ ထက် System Registry မှာ ဖြုတ်ချလိုက်တဲ့
ဆော့ဖ်ဝဲနဲ့ပါတ်သတ်တာများကိုပါ ရှင်းပေးတဲ့အတွက် Clean Uninstall လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။Registry ကိုပါရှင်းပေးထားပါမှ
ဆော့ဖ်ဝဲကိုအသစ်တဖန်ပြန်တင်တဲ့အခါ ရှင်းရှင်းလင်းလင်းတင် ပေးနိုင်မှာပါ။ Registry မှာ တန်ဖိုးအဟောင်းများကျန်ခဲ့ရင် အသစ်တင်လိုက်တဲ့အခါမှာ ထပ်ရေးတဲ့တန်ဖိုးများနဲ့ ရောထွေးပြီး ဆော့ဖ်ဝဲဟာ ပုံမှန်မဟုတ်ပဲဖြစ်နေတတ်ပါတယ်။Registry ကိုရှင်းပေးတဲ့အခြား
ဆော့ဖ်ဝဲများလည်းရှိပါတယ်။ Registry Mechanics, System Mechanics, One click maintenance, Registry cleaner စသည်ဖြင့် အများကြီးရှိပါတယ်။Registry ကိုရှင်းမယ်ဆိုရင် သတိထားဖို့တော့လိုပါတယ်။ တကယ်လို့ Registry မှာ လိုအပ်တာတွေ ပျက်သွားရင် OS တစ်ခုလုံးကို ပြန်တင်ရတဲ့အထိဖြစ်သွားနိုင်ပါတယ်။
Overheating
ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက် အန္တရာယ်အကြီးဆုံး ပြဿနာက အပူလွန်ကဲခြင်းပါပဲ။ Software ကိုသာမက Hardware ကိုပါပျက်စီးစေနိုင်တဲ့အတွက် ကွန်ပျူတာအတွင်း အပူလွန်ကဲခြင်းမဖြစ်အောင်အမြဲသတိပြုသင့်ပါတယ်။ကွန်ပျူတာအတွင်းမှာ အလုပ်အများဆုံးလုပ်ဆောင်ရပြီး အပူအများဆုံးထွက်တာ CPU များဖြစ်ပါတယ်။ ဒါကြောင့် CPU များမှာ အပူမလွန်ကဲအောင် အအေးခံအတောင်များနဲ့ ပန်ကာများ တပ်ဆင်ထားပေးရပါတယ်။ တကယ်လို့ CPU ပန်ကာမလည်တော့ပဲရပ်သွားမယ်ဆိုရင် CPU မှာ အပူလွန်ကဲလာပြီး Kernel error တက်လာပါလိမ့်မယ်။ ဒီလိုဆိုရင် ကွန်ပျူတာအတွင်းရှိ ပန်ကန်များနဲ့ အအေးခံစနစ်ကောင်းစွာအလုပ်လုပ်ခြင်းရှိမရှိကို ချက်ခြင်းစစ်ဆေးသင့်ပါတယ်။ Chipset များကို ပုံမှန်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက် ပိုခိုင်းပြီး Overclocking လုပ်တဲ့အခါမှာလည်း အပူလွန်ကဲလာတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာပုံးမှာ ပြည့်စုံလုံလောက်တဲ့ အအေးခံစနစ်မရှိပဲ Overclocking မလုပ်သင့်ပါဘူး။ Overclocking လုပ်လိုက်လို့ မီးခိုးထွက်လာတဲ့အထိ အပူလွန်ကဲတာကိုကြုံဖူးပါတယ်CPU ကြောင့်ဖြစ်တဲ့ပြဿနာကို BIOS setting မှာ CPU internal cache ကို Disable လုပ်ထားခြင်းဖြင့်လည်း ဖြေရှင်းနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကွန်ပျူတာကို ပိုနှေးသွားစေနိုင်ပေမယ့် တည်ငြိမ်မှုပိုရစေနိုင်ပါတယ်။
Power supply problems
ကွန်ပျူတာကို ထိုးရပ်သွားစေတဲ့ နောက်ဆုံးအကြောင်းရင်းကတော့ ပါဝါဆပ်ပလိုင်းပြဿနာ ဖြစ်ပါတယ်။ လျှပ်စစ်မီးအား မတည်ငြိမ်ပဲအတက်အကျဖြစ်တာ ဒါမှမဟုတ် ရုတ်တရက်ပျက်တောက်သွားတာ များလာတဲ့အခါ ပါဝါဆပ်ပလိုင်းကို ထိခိုက်လာစေနိုင်ပါတယ်။ပါဝါဆပ်ပလိုင်း လုပ်ဆောင်မှုမမှန်တော့ဘူးဆိုရင် ကွန်ပျူတာအတွင်းရှိ အခြားအစိတ်အပိုင်းများ ကိုပါ ထိခိုက်စေနိုင်ပြီး ကွန်ပျူတာထိုးရပ်သွားနိုင်ပါတယ်။ ဒါကြောင့် UPS နဲ့တွဲဖက်အသုံးပြုတာ စိတ်အနှောက်အယှက်အကင်းဆုံးဖြစ်ပါလိမ့်မယ်။ UPS အသုံးပြုခြင်းဖြင့် ပါဝါဆပ်ပလိုင်း သက်တမ်းကြာရှည်စေတဲ့အပြင် မီးပျက်သွားတဲ့အခါမှာ ကိုယ်လုပ်ထားသမျှအလုပ်အားလုံးကို သိမ်းဆည်းချိန်နဲ့ ကွန်ပျူတာကို စနစ်တကျပိတ်ချိန်ရရှိစေနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာ တစ်လုံးဝယ်တော့မယ်ဆိုရင် UPS ကိုတစ်ပါတည်းဝယ်ခြင်းဟာ အကောင်းဆုံးပါပဲ။

Комментариев нет:
Отправить комментарий